ကျွန်ုပ်တို့အကြောင်း

Grand သဘာဝငှက်သိုက်မှ နွေးထွေးစွာကြိုဆိုပါတယ်။ ကျွန်တော်တို့သည် အရည် အသွေးမြင့် သဘာဝထုတ်ကုန်များကို ယုံကြည်စိတ်ချရစွာ ထုတ်လုပ်ပေးနေသော အမှတ်တံဆိပ်တခုဖြစ်ပါသည်။ ကျွန်တော်တို့၏ရည်ရွယ်ချက်မှာ ကျန်းမာရေးကို အဓိက အထောက်အကူပြုပြီး လူတိုင်းအတွက်အသုံးဝင်သော အာဟာရပြည့်ဝ ထုတ်ကုန်များ ပေးစွမ်းရန်ဖြစ်ပါသည်။ GRAND Natural Bird's Nest အမှတ်တံဆိပ်ဖြင့် အသင့်သောက်သဘာဝငှက် သိုက်အား 42 ml နှင့် 70 ml ပုလင်းအရွယ်အစားများ ထုတ်လုပ်ထားပြီး Rock Sugar နှင့် အချိုရှောင်လိုသူများအတွက် Sugar Free အရသာ ၂ မျိုး ရွေးချယ်နိုင်ပါသည်။

ဘာကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်သင့်တာလဲ?

  • အရည်အသွေးမြင့် သဘာဝငှက်သိုက်ကုန်ကြမ်းများအား စနစ်တကျစိစစ် ရွေးချယ်အသုံးပြုထားခြင်း။
  • ထုတ်လုပ်မှုအဆင့်တိုင်း၌ စံချိန် စံညွှန်းများကိုအတိအကျလိုက်နာပြီး သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ထားခြင်း။
  • ဘေးအန္တရာယ်ဖြစ်စေသော ဆေးဝါးများနှင့်တာရှည်ခံဆေးများ အသုံးမပြု ထားခြင်း။
  • ငှက်သိုက်၏သဘာဝအာဟာရတန်ဖိုး မပျက်စီးစေရန် အသေးစိတ်ဂရုစိုက် ထုတ်လုပ်ထားသဖြင့် အရသာနှင့်အာဟာရကိုတပြိုင်နက်တည်း ပေါင်းစပ် ရရှိစေသော ထုတ်ကုန်ဖြစ်ခြင်း။

သုံးစွဲသူများ၏ ယုံကြည်မှုကိုအလေးထားပြီး အမြဲတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော ထုတ်ကုန်ဖြစ်ပြီး နေ့စဉ်ဘဝအတွက် အကောင်း ဆုံးရွေးချယ်နိုင်ကြောင်း အာမခံနိုင်ခြင်း။

ထုတ်ကုန်များ

ဝန်ဆောင်မှု

အရည်အသွေးမြင့် သဘာဝငှက်သိုက်များကို စနစ်တကျရွေးချယ်ထုတ်လုပ်ထားပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊online မှဖြစ်စေ ကုမ္ပဏီသို့တိုက်ရိုက်ဝယ်ယူနိုင်ပါသည်။

ငှက်သိုက်၏ အကျိုးကျေးဇူးများ

gallery image

အလှအပနှင့် သက်ရှည်နုပျိုမှုကို အထောက်အကူပေးခြင်း။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း။

အားအင်ပြည့်ဝစေပြီး ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ငန်းစဉ်များ အားကောင်းစေရန် အထောက်အကူပေးခြင်း။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပေးခြင်း။

အစာခြေစနစ်အားပိုမိုလွယ်ကူစေသဖြင့် ခန္ဓာကိုယ်အာဟာရ ဖြည့်တင်းမှုအ တွက်အထောက်အကူပေးခြင်း။

ငှက်သိုက် သောက်သုံးသင့်သူများ

gallery image

ကိုယ်ခံအားနည်း၍ မကြာခဏဖျားနာတတ်သူများ။

နာလန်ထစနှင့် နာတာရှည်ရောဂါခံစားနေသူများ။

သက်ကြီးရွယ်အိုများနှင့် အားအင်ကုန်ခမ်းနေသူများ။

ပင်ပန်းနွမ်းနယ်နေသူများနှင့် အားကစားသမားများ။

ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကြီးထွားမှု၊ အလှအပ၊ ကျန်းမာရေးထိန်းသိမ်းမှု၊ အိုမင်းခြင်း တားဆီးမှု အဆင့်တိုင်းအတွက် အကျိုးများအား ထိရောက်စွာရလိုသူများ။

supermarket များနှင့်ဆေးဆိုင်များတွင်လည်း ဖြန့်ဖြူးရောင်းချသွားပါမည်။